ဝင်္ကပါ ကကြိုး
@@@@@@
ပင်လယ်ထဲ ကခုန်တဲ့လှေငယ်တစ်စင်း
မုန်တိုင်းရဲ့စားသုံးခြင်း ကွဲကွာချိန်
လှိုင်းတွေက သူ့ရဲ့ ကလူကျီစယ်မှုကြား
ပြားပြားဝပ် ငြိမ်သက်လို့
အောင်နိုင်သူလှေငယ်က မဲ့ပြုံး ပြုံးနေခဲ့တယ်။
ကမ်းဝေးလှေငယ်ရဲ့နိဒါန်းက
ပင်လယ်ရဲ့ရစ်သမ်မှန်မှန်တီးခတ်မှုနဲ့
"ငါသာလျှင်အရှင်သခင်"လို့
အစဉ်တစိုက်နဲ့
ဘဝင်မြင့်လို့ ထက်တိမ်တိုက်မှာမြဲမြံနေခဲ့ပေါ့…
အနိမ့်အမြင့်ကပျံသန်းတဲ့ စင်ရော်တွေ
တစ တစနဲ့ ပျောက်
ခဏတာ ရောက်ခဲ့တဲ့ပင်လယ်
အရောင်ပြောင်းခဲ့တာက
မုန်တိုင်းရဲ့ဇာတ်ညွှန်းမှန်းသိခဲ့ချိန်
အသိတရား ညနက်ခဲ့ပေါ့...
ကျီစယ်တဲ့သူက ဇာတ်ညွှန်းပြောင်းတဲ့အချိန်
လှိုင်းတံပိုးအောက်မှာ ခိုတွဲလို့
လှေငယ်ဟာ 'နန်းကျဘုရင်'တစ်ပါးဖြစ်ခဲ့ရတယ်...
'တူ'တဖြစ်လဲ'ပေ'နဲ့
'ပေ'တဖြစ်လဲ'တူ'ရဲ့
အတုံ့အလှည့်တွေ သက်ဝင်လှုပ်ရှားခဲ့တယ်...
လှေငယ်ရဲ့အတ္တအရောင်တင်စကားက
'လှိုင်းကြီးလှေအောက်'ဆိုတဲ့စကားလည်း
လမ်းမှားသွာခဲ့ချိန်
ပင်လယ်ရဲ့သည်းခံခြင်းကုန်ခန်းတဲ့နောက်
ဒေါသလှိုင်းတွေ မီးလျှံအဖြစ်နဲ့ ဝါးမျိုခံခဲ့ရတယ်။ ။
{ S. .A. .M. .C}