***ချစ်သူဆီသို့***

***ချစ်သူဆီသို့***



လေပြေအလာမှာ
ရီးလေးလေးခိုသွားတဲ့
အတွေးတွေက
ချစ်သူဆီရောက်ရောက်သွားတယ်...

ဖြေသာစရာ
အလွမ်းတွေသာပိုင်သာမို့
အလွမ်းတေးတွေ
လေပြေနဲ့အတူပါးလိုက်ပါရစေ....

အနေဝေးနေသူတွေမို့
သတိရခြင်းတွေနဲ့
စိတ်ချင်းနီးနေရတာ
တိတ်တခိုးအပြုံးတွေက
သက်သေမွန်တွေပဲလား................

လေပြေရေ....
ချစ်သူလေးကို
သတိရလွမ်းဆွတ်လွန်းတာမို့
တမ်းတအနမ်းတွေ
နွမ်းလျအလွမ်းတွေ
ချစ်သူဆီအရောက်ပို့ပေးပါလားနော်.......

🔰သားမိုက် သားမိုက်သားမိုက်🔰




https://www.blogger.com/

No comments:

Post a Comment

ဝင်္ကပါကကြိုး

***ချစ်သူဆီသို့***

***ချစ်သူဆီသို့*** လေပြေအလာမှာ ရီးလေးလေးခိုသွားတဲ့ အတွေးတွေက ချစ်သူဆီရောက်ရောက်သွားတယ်... ဖြေသာစရာ အလွမ်းတွေသာပိုင်သာမို့ အလွမ်းေ...

လွမ်းနေသူက အလွမ်းစေပါဟာ